Virtual Private Cloud ใน กรุงเทพ ประเทศไทย

SLA 99.999% IaaS โดย CRESCERE Group

Cloud ဆိုတာဘာလဲ

What's Cloud?

Cloud Serviceဆိုသည်မှာ မိမိဆန္ဒရှိသလောက်အရင်းအမြစ်များ (ဥပမာ ကွန်ပျူတာ applicationများ။)အား၎င်းအရင်းအမြစ်များကိုလိုသလိုပြောင်းလဲအသုံးပြုနိုင်သော IaaS(Infrastructure As A Service) နည်းပညာဖြင့်အချိန်မရွေး သုံးစွဲနိုင်ခြင်းဖြစ်သည်။ Cloud အသုံးပြုခြင်းတွင်အခြေခံအားဖြင့်Componentအမျိုးအစားနှင့်Serviceအမျိုးအစား ဟူ၍နှစ်မျိုးခွဲခြားထားသည်။ လူကြီးမင်းတို့၏စီးပွားရေးလုပ်ငန်းအတွက်အသင့်လျော်ဆုံးအမျိုးအစားအား ကျွန်ုပ်တို့ကုမ္ပဏီမှအကြံဉာဏ်ပေးနိုင်ပါသည်။

အောက်ပါသုံးနိုင်ငံမှလူကြီးမင်းတို့နှစ်သက်ရာနိုင်ငံကိုရွေးချယ်နိုင်ပါသည်။

Crescere Group ၏ Cloud ၀န်ဆောင်မှုလုပ်ငန်းကိုအသုံးပြုခြင်းဖြင့်

လူကြီးမင်းတို့ကိုယ်ပိုင်Cloudအတွက်

အင်တာနက်ဒေတာစင်တာတပ်ဆင်ရာတွင်နှစ်သက်ရာနိုင်ငံ

(ဂျပန်၊ဟောင်ကောင်(သို့မဟုတ်) ထိုင်းနိုင်ငံ) ကို ရွေးချယ်အသုံးပြုနိုင်ပါသည်။

မည်သည့်နိုင်ငံကိုရွေးချယ်သည်ဖြစ်စေ ကေဘယ်ကြိုးများအသုံးပြုခြင်းနှင့်အသုံးပြုသည့်hop

အရေအတွက်နည်းခြင်းတို့ကြောင့်traffic control(မိမိဆိုဒ်သို့လာရောက်ကြည့်ရှုသည့်

လူဦးရေအနည်းအများလိုက်၍ ထိန်းချုပ်ခြင်း) ကိုထိရောက်စွာလုပ်ဆောင်နိုင်ပါသည်။ Cloud

သုံးစွဲခြင်းသည်Disaster Recovery(အရေးပေါ်ပြဿနာတခုခုကြောင့်မိမိ၏အချက်အလက်များ

ပျက်စီးသွားခဲ့လျှင်ပြန်လည်ရယူပေးသောစနစ်) အတွက်အထူးသင့်လျော်ပါသည်။ လူကြီးမင်းတို့

အနေဖြင့်ဒေတာစင်တာတပ်ဆင်ရာတွင်နိုင်ငံတခုထက်ပို၍လည်း ရွေးချယ်တပ်ဆင်နိုင်ပါသည်။

မြန်ဆန်လုံခြုံစိတ်ချရ၍ သုံးစွဲမှုအဆင်ပြေစေရန် စီစဉ်ထားမှုများ

Virtual နည်းပညာအတွက် VMware

ကျွန်ုပ်တို့ Cloud Service တွင် VMware ၏ Virtual နည်းပညာကို အသုံးပြုထားပါသည်။

အပြည့်အ၀ထိန်းချုပ်မှုပေးသော ၀န်ဆောင်မှု

ကျွန်ုပ်တို့၏ ဆာဗာတပ်ဆင်မှုပုံစံမှာ အသုံးပြုသူ၏ လိုအပ်ချက်များအပေါ်တွင် မူတည်၍တပ်ဆင်ပေးပါသည်။ ၀န်ဆောင်မှုမှာလည်း အသုံးပြုသူတဦးချင်း၏ လိုအပ်သည့် ပံ့ပိုးမှုများအလိုက်အဆင်ပြေအောင် ဆောင်ရွက်ပေးပါသည်။ ထို့အတူ သင့်လျော်သောISOပေါ်အခြေခံ၍လည်းဆာဗာတပ်ဆင်ပေးပါသည်။

အကန့်အသတ်မဲ့ Throughput(အောင်မြင်စွာသတင်းပေးပို့နိုင်မှုနှုန်း)

ကျွုန်ုပ်တို့၏ Cloud Serviceမှာ အရည်အသွေးမြင့်မား၍ ဈေးနှုန်းချိုသာပြီး ကနဦးတပ်ဆင်မှုအတွက်ဝန်ဆောင်ခပေးဆောင်ရန်မလိုပါ။ ထို့အပြင် မိမိဝက်ဆိုဒ်သို့လာရောက်ကြည့်ရှုသူအရေအတွက်ပေါ်မူတည်၍လည်း အဖိုးအခထပ်မံပေးဆောင်ရန် မလိုအပ်ပါ။

Resource အသုံးပြုမှု အစီရင်ခံခြင်း

ကျွန်ုပ်တို့မှ လူကြီးမင်းတို့၏ CPU/memory/disc/network အသုံးပြုမှု ပမာဏများကိုလည်းဖော်ပြပေးမှာ ဖြစ်ပါတယ်။

ရွေးချယ်အသုံးပြုနိုင်သော Operating System များ

လူကြီးမင်းတို့အနေဖြင့် Windows/CentOS/Linux/Ubuntu တို့မှ နှစ်သက်ရာ Operating System ကို ရွေးချယ်နိုင်ပါသည်။ ထို့အပြင် ဖော်ပြမထားသော အခြားနှစ်သက်ရာ Operating Systemများ ရှိပါကလည်း ကျွန်ုပ်တို့ထံ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

ဘာသာရပ်သုံးမျိုးသုံး ပင်မ စာမျက်နှာ

Cloud service ကို အသုံးပြုရန်အတွက် ပင်မစာမျက်နှာကို ထားရှိပေးပါသည်။ လူကြီးမင်းတို့၏ Cloud service ကို စတင်ဝယ်ယူသည်မှ အနည်းဆုံးသုံးရက်(ရုံးဖွင့်ရက်) အတွင်း စတင်အသုံးပြုနိုင်ပါသည်။ သုံးစွဲနိုင်သောဘာသာရပ်များမှာ ဂျပန်၊အင်္ဂလိပ်နှင့် ထိုင်းဘာသာများ ဖြစ်ပါသည်။

ဝန်ဆောင်မှု လုပ်ငန်းများ

Services

ကျွန်ုပ်တို့ Cloud Serviceသည်VMwareမှ ထုတ်လုပ်သော ဆော့ဝဲလ်ပစ္စည်းများ၏ virtual environment ရရှိအသုံးပြုနိုင်မှုနှင့် အမျိုးအစားတူရာများကို ဖယ်ရှားနိုင်မှု တို့ကို ပိုမိုတိုးတက်စေပါသည်။ ကျွန်ုပ်တို့၏ ကိုယ်ပိုင် ရွေးချယ်တပ်ဆင်မှုနည်းစနစ်က လက်ရှိဈေးကွက်တွင် အသုံးပြုနေကြသော virtual ဆာဗာများ၏ အခက်အခဲပြဿနာများကို ဖြေရှင်းပေးနိုင်ပြီး သုံးစွဲသူများကိုလည်း လိုအပ်သလို ပံ့ပိုးကူညီမှုများပေးနိုင်ပါသည်။

နည်းပညာ တစ်ဆင့်မြင့် ကိုယ်ပိုင် Virtual Cloud IaaS

ကျွန်ုပ်တို့၏ Cloud Service မှာ IaaSနည်းပညာပေါ် အခြေခံထားသောကြောင့် virtual data centerတစ်ခုကို သုံးစွဲသူ အလိုရှိသော resources (servers,networks,etc) ပေါ်မူတည်ပြီး တည်ဆောက်နိုင်ပါသည်။ စီးပွားရေးလုပ်ငန်းကြီးများအတွက်ကျွန်ုပ်တို့မှ မည်သည့်စီးပွားရေးလုပ်ငန်းပမာဏဖြစ်စေ အသုံးပြုနိုင်သော ကိုယ်ပိုင် virtual ဆာဗာများ တည်ဆောက်နိုင်ပေးပါသည်။ ကျွန်ုပ်တို့ဝန်ဆောင်မှု၏ အနှစ်သာရမှာ အပြည့်အ၀ထိန်းချုပ်မှုပေးသော ၀န်ဆောင်မှုအမျိုးအစားပင်ဖြစ်သည်။ လူကြီးမင်းတို့တွင် နည်းပညာကျွမ်းကျင်သူ မရှိပါကလည်း Cloud အသုံးပြုသော ပတ်ဝန်းကျင်တစ်ခု(၀ါ)လုပ်ငန်းခွင်တစ်ခု တည်ဆောက်နိုင်စေရန် ကျွန်ုပ်တို့မှ ၀န်ဆောင်မှု ပေးပါသည်။

ဂိမ်းဆာဗာကဲ့သို့သော ဆာဗာချိတ်ဆက်မှု များစွာလုပ်ဆောင်ရသည့် စနစ်အတွက် Cloud ဆာဗာစီစဉ်တပ်ဆင်ထားမှု

Desktop တလံုးကဲ့သို့ အလုပ်လုပ်နိုင်သော DaaS(Desktop As A Service) တည်ဆောက်မှု

DaaS ဆိုသည်မှာ cloud service ပုံစံတမျိုးဖြစ်ပြီး အသုံးပြုသူထံတွင် မည်သည့် applicationမှ တပ်ဆင်ထားရန်မလိုဘဲ cloud service မှ တဆင့် desktop တွင် အသုံးပြုနိုင်သော application အားလုံးကို network(အင်တာနက်) မှတဆင့် သုံးစွဲနိုင်ခြင်းဖြစ်သည်။ ဤserviceမှာ ပုံစံအမျိုးမျိုးကွဲပြားသော လုပ်ငန်းခွင်အားလုံးအတွက်သင့်လျော်ပြီး သုံးစွဲသူ၏ အိမ် (သို့မဟုတ်) အင်တာနက်ချိတ်ဆက်ထားသော မည်သည့်နေရာမှမဆိုအသုံးပြုနိုင်ပါသည်။ ထို့အပြင် ကျွန်ုပ်တို့၏ Cloud Serviceမှာ သတင်းအချက်အလက်ပေါက်ကြားမှုနှင့် အခွင့်မရှိဘဲ Cloud System အတွင်းသို့ဝင်ရောက်သုံးစွဲမှုများကို ထိရောက်စွာ လျှော့ချပေးပါသည်။ ဂျပန်နိုင်ငံတွင် ငလျင်ဒဏ်နှင့်ကြုံတွေ့ရစဉ်ကတစ်ကြိမ်၊ ထိုင်းနိုင်ငံတွင် ရေဘေးအန္တရာယ်နှင့် ကြုံတွေ့ရစဉ်ကတစ်ကြိမ် ကျွန်ုပ်တို့၏ Cloud Service လုပ်ငန်းအား သတင်းအချက်အလက်များ ပျက်ဆီးဆုံးရှုံးခြင်းကို ဖြေရှင်းရန်နည်းလမ်းအဖြစ်ဖြင့် စိတ်ဝင်စားမှုများ တိုးပွားခဲ့ပါသည်။

PaaS ပုံစံ ကိုယ်ပိုင်ဆာဗာတု

လစဉ်ကြေးပေးရသော ၀န်ဆောင်မှုပုံစံဖြစ်ပြီး ပုံသေသတ်မှတ်ထားသော resourceများကို သုံးစွဲနိုင်မှာဖြစ်ပါသည်။ နောက်ထပ်resourceများထပ်မံသုံးစွဲလိုပါက မိမိCloud portal မှတဆင့် လိုအပ်ချက်များကို ဖြည့်စွက်သုံးစွဲနိုင်ပါသည်။ ထိုသို့ချဲ့ထွင်သုံးစွဲရာတွင် မိမိထပ်မံပေးဆောင်ရမည့် ကုန်ကျစရိတ်များကိုresourceများ ထပ်မံမပေါင်းထည့်ရသေးခင် လေ့လာနိုင်ပါသည်။ မိမိလက်ရှိအသုံးပြုနေသော့ (high level plan)မှ အခြား(lower level plan)တခုသို့ ပြောင်းလဲသုံးစွဲချင်ပါကလည်း virtual serverကို ရပ်တန့်မှုမရှိဘဲ ပြောင်းလဲအသုံးပြုနိုင်ပါသည်။ PaaSပုံစံသည် စီမံခန့်ခွဲမှုဆိုင်ရာဝန်ဆောင်ခအနည်းဆုံးဖြင့် Cloud Serviceကို ရပ်တန့်မှုမရှိစေဘဲ အသုံးပြုနိုင်မည့် ပုံစံဖြစ်သည်။

  OS CPU RAM HDD Initial Cost Monthly Cost (Baht)
Plan:A CentOS
Ubuntu
Scientific
Linux
0.5vCPU 512MB 10GB 0 1,299
Plan:B 1vCPU 512MB 10GB 0 1,699
Plan:C 1vCPU 1GB 20GB 0 2,699
Plan:D 2vCPU 2GB 80GB 0 7,999
Plan:E 2vCPU 4GB 120GB 0 11,999
Specification Parallels Plesk Unavailable  
Quantity of Email Account Unlimited  
Throughput Limit Unlimited 100Base ⁄ T shared line
FTP Connection Available  
Quantity of IP Address 1 Adding IP:700 Baht ⁄ Month
SSH Available Root privileges available
SSL Available Certification cost 10,000 Baht ⁄ Year
Parl Available  
PHP Available  
SSI Available  
MySQL (phpMyAdmin) Available  
vmHA Included as standard VMware High Availability
DRS Included as standard Distributed Resource Scheduler
Option Representation setting server fee   5,000 Baht
  OS CPU RAM HDD Initial Cost Monthly Cost (Baht)
Plan:A CentOS 0.5vCPU 512MB 10GB 0 599
Plan:B 1vCPU 512MB 10GB 0 799
Plan:C 1vCPU 1GB 20GB 0 1,299
Plan:D 2vCPU 2GB 80GB 0 3,999
Plan:E 2vCPU 4GB 120GB 0 5,999
Specification Parallels Plesk 1 Domain 200 Baht ⁄ month Anti Virus, Anti Spam, 3Language Pack Include
Parallels Plesk 10 Domains 600 Baht ⁄ month Anti Virus, Anti Spam, 3Language Pack Include
Parallels Plesk 100 Domains 1,000 Baht ⁄ month Anti Virus, Anti Spam, 3Language Pack Include
Parallels Plesk Unlimited 2,500 Baht ⁄ month Anti Virus, Anti Spam, 3Language Pack Include
Quantity of Email Accout Unlimited  
Throughput Limit Unlimited 100Base ⁄ T shared Line
FTP Connection Available  
Quantity of IP Address 1 Adding IP:700 Baht ⁄ Month
SSL Available  
Parl Available  
PHP Available  
SSI Available  
MySQL (phpMyAdmin) Available  
vmHA Included as standard VMware High Availability
DRS Included as standard Distributed Resource Scheduler
Option Representation setting server fee   5,000 Baht

ဝန်ဆောင်မှုအဆင့်ဆင့်

Service Flow

လူကြီးမင်းတို့ Cloud Serviceအား စတင်သုံးစွဲရန် ဆုံးဖြတ်ပြီးသည်နှင့် ကျွန်ုပ်တို့မှ အသင့်လျော်ဆုံး ဆာဗာပြောင်းရွှေ့မှုပုံစံ (လူကြီးမင်းတို့တွင် လက်ရှိအသုံးပြုနေသော ဆာဗာရှိပြီးသားဖြစ်ပါက) သို့မဟုတ် ဆာဗာအသစ်သုံးစွဲရန် လမ်းညွှန်အကြံပေးပါမည်။ ဆာဗာအားအကောင်းဆုံးအသုံးချနိုင်ရန် ကျွန်ုပ်တို့၏ ကျွမ်းကျင်သောဆာဗာအင်ဂျင်နီယာများမှ ဆာဗာတွင်ဖြစ်ပေါ်တတ်သော အပိုနေရာလွတ်များကို အနည်းဆုံးဖြစ်အောင်လျော့ချပေးကာ ထိန်းသိမ်းမှုစရိတ်များနှင့်အချက်အလက်ဆုံးရှုံးမှုများဖြစ်ပေါ်စေသော အန္တရာယ်မှလည်း ကာကွယ်ပေးပါသည်။

လမ်းညွှန်ပေးခြင်း

လူကြီးမင်းတို့၏ ဆာဗာပြောင်းရွှေ့မှုအတွက် ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။

အကယ်၍ လူကြီးမင်းတို့မှ ဆာဗာတည်ဆောက်မှုပုံစံကို

မသိရှိခဲ့ပါကလည်း ကျွန်ုပ်တို့မှ ဆာဗာတည်ဆောက်ပုံအား

လေ့လာသွားမှာဖြစ်ပါတယ်။

ဆာဗာတပ်ဆင်မှုအတွက် လေ့လာမှုဇယား

အထက်ပါလေ့လာတွေ့ရှိချက်များအပေါ်အခြေခံ၍ တွေ့ရှိမှုအစီရင်ခံစာကို

ပြုလုပ်ပေးမှာဖြစ်ပြီး ဆာဗာတပ်ဆင်မှုအတွက် ခန့်မှန်းအကြံပြုပေးမှာဖြစ်ပါတယ်။

တပ်ဆင်အသုံးပြုခြင်း

လူကြီးမင်းတို့အနေဖြင့် ဆာဗာနှင့်ပတ်သက်သော အချက်အလက်များကို

ဆုံးဖြတ်သုံးသပ်ပြီးနောက် ကျွန်ုပ်တို့ထံ အသုံးပြုရန်

လျှောက်ထားရမှာ ဖြစ်ပါတယ်။

ဆာဗာပြောင်းလဲသုံးစွဲ(ပြောင်းရွှေ့)ရန်လုပ်ငန်းအဆင့်ဆင့်

ကျွုန်ပ်တို့မှ ဆာဗာပြောင်းလဲသုံးစွဲရန် အစီအစဉ်များ

ပြုလုပ်ကာ ကျွုန်ုပ်တို့၏ ဆာဗာပေါ်သို့ ကူးပြောင်းပြီးသည်အထိတာဝန်ယူ

ဆောင်ရွက်ပေးပြီး ပြောင်းရွှေ့ပုံအဆင့်ဆင့်အား

လူကြီးမင်းတို့ထံ ပြန်လည်တင်ပြပေးမှာ ဖြစ်ပါတယ်။

ဆာဗာပြောင်းရွှေ့ခြင်း

ဆာဗာပြောင်းရွှေ့ခြင်းဖြစ်စဉ်ကို ဆာဗာပြောင်းရွှေ့ခြင်းလမ်းညွှန်စာအုပ်တွင်

ဖော်ပြထားသည့် အဆင့်များအတိုင်း

အကောင်အထည်ဖော်သွားမှာ ဖြစ်ပါတယ်။

ဆာဗာပြောင်းရွှေ့မှုပြီးဆုံးကြောင်း အသိပေးခြင်း

လူကြီးမင်း၏ ဆာဗာပြောင်းရွှေ့မှု ပြီးဆုံးသွားသည့်အခါ

ကျွုန်ုပ်တို့မှ အသိပေးမှာ ဖြစ်ပါတယ်။

ဆာဗာအလုပ်လုပ်ပုံအားစစ်ဆေးခြင်း

လူကြီးမင်းတို့အနေဖြင့် ဆာဗာ၏စွမ်းဆောင်ရည်အား

စစ်ဆေးရန်လိုအပ်ပါတယ်။

ကုမ္ပဏီအကြောင်း

About Us
Company
CEO
Capital
Location
Establish
Staffs
Business
Partner
CRESCERE (THAILAND) CO.,LTD.
Masahiro Tsubono
6,000,000 Baht
65 42Tower M floor #M3 Sukhumvit 42 Sukhumvit Road, Phrakhanong, Klongtoey, Bangkok 10110 Thailand
2012 AD
25 people
Cloud Service ⁄ Oversea Cloud Service
iPhone ⁄ Android Apps Development
Web Design ⁄ Web System Development
IT Consulting
AZIA CO., LTD.
NOL GRAPHIC Communication (CV.DIOMEDIA INTERNATIONAL)
Crescere Group (Japan)
Tosmac Co.Ltd. (Japan)
World Branch Limited
Bangken Engineering Recruitment Co.,Ltd.
Qbic Technology Japan Inc

ဆက်သွယ်စုံစမ်းရန်

Contact

ကျွုန်ုပ်တို့၏ လုပ်ငန်းများနှင့်ပတ်သက်၍ စိတ်ပါဝင်စားခဲ့ပါလျှင် ကျေးဇူးပြု၍ အောက်ပါပုံစံတွင် လိုအပ်သည်များကိုဖြည့်စွက်စုံစမ်းနိုင်သလို တယ်လီဖုန်းဖြင့်လည်း မေးမြန်းဆက်သွယ်နိုင်ပါသည်။ ကျွန်ုပ်တို့မှ လူကြီးမင်းတို့၏ လိုအပ်ချက်များနှင့်ကိုက်ညီသော အစီအစဉ်များကို အခြားသောဝန်ဆောင်မှုလုပ်ငန်းများနှင့်အတူ ပြန်လည်ဖြေကြားပေးမှာ ဖြစ်ပါတယ်။ အချိန်မရွေးဆက်သွယ်မေးမြန်းနိုင်ပါတယ်။

ဖုန်းဖြင့်ဆက်သွယ်ခဲ့ပါလျှင်

From domestic : ၀၂-၇၁၂-၄၀၀၆

From Oversea : +၆၆-၂-၇၁၂-၄၀၀၆

အမည်
ကုမ္ပဏီအမည်
အီးမေးလ်
တယ်လီဖုန်း
မေးမြန်းလိုသည့်အကြောင်းအရာ
English
日本語
ภาษาไทย
繁體中文
简体中文
ພາສາລາວ
Burmese
Khmer